အပူလှိုင်းအောက်တွင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြသော မီးရထားလမ်းပေါ်က လုပ်သားများ

(GMT+08:00)2022-08-08 16:45:51  

လွန်ခဲ့သည့်ရက်များတွင် တရုတ် အန်းဟွေပြည်နယ် ချီကျိုးမြို့တွင် အပူချိန် ဆက်တိုက် မြင့်မားသော ရာသီဥတုကို ကြုံတွေ့ခဲ့ရသည်။ CHINA RAILWAY 11 BUREAU GROUP ၏ ချီကျိုး-ဟွမ်ရှန်း မီးရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းခွင်တွင် အပူဒဏ် ကာကွယ်ဆေးများ ဖြန့်ဝေခြင်း၊ အချိန်ခွဲပြီး အလုပ်လုပ်ဆောင်ခြင်း စသည့် နည်းလမ်း များဖြင့် အလုပ်သမားများအား ကာကွယ်၍ ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းများကို စနစ်တကျ လည်ပတ်ရန် တွန်းအားပေးလိုက်ပါသည်။

ချီကျိုး-ဟွမ်ရှန်း မီးရထားလမ်းသည် စုစုပေါင်းအရှည် အလျား ၁၂၅ ကီလိုမီတာခန့် ရှိပြီး အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြစ်ကာ ဝူဟန့်မှ ဟန်ကျိုးသို့သွားသည့် အမြန်ရထားလမ်းကြောင်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါသည်။