တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ တန်ပြန် ဆောင်ရွက်မှုများသည် အမေရိကန်နှင့် ထိုင်ဝမ်တို့၏ ရန်စမှုအပေါ် လိုအပ်သော သတိပေးခြင်း ဖြစ်သည်ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-08 16:13:59  

  ထိုင်ဝမ်သို့ ပလိုစီသွားရောက်ခဲ့ခြင်းကို ရည်ညွှန်းပြီး တရုတ်နိုင်ငံသည် မကြာမီက တန်ပြန်ဆောင်ရွက်ချက် ၈ ရပ်ကို ထုတ်ပြန်ထားပြီး ယင်းတို့အနက် တရုတ်နှင့် အမေရိကန် စစ်ရေး ကူးလူးဆက်ဆံမှု ဖျက်သိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက် သုံးရပ်လည်း ပါဝင် ပါသည်။ အမေရိကန် မီဒီယာအချို့၌ အမေရိကန် အဆင့်မြင့်အရာရှိများသည် မကြာမီက တရုတ်တပ်ဖွဲ့မှ ခေါင်းဆောင်အား အကြိမ်ပေါင်းများစွာ ဖုန်းဆက်ခဲ့သော်လည်း တရုတ်ပြည် ဘက်မှ ငြင်းပယ်မှု ခံရသည်ဟု သတင်းဖေါ်ပြခဲ့သည်။

   ယင်းနှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ တန်ပြန် ဆောင်ရွက်မှုများသည် အမေရိကန်နှင့် ထိုင်ဝမ်တို့၏ ရန်စမှုအပေါ် လိုအပ်သော သတိပေးခြင်းနှင့် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို တရားမျှတစွာ ကာကွယ်ခြင်းပင် ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။