နေတိုးအဖွဲ့ဝင်နိုင်ငံများ ထောက်ပံ့ထားသော တန်ချိန်သောင်းနှင့်ချီသည့် ခဲယမ်း မီးကျောက်များ စုဆောင်းသိုလှောင်ထားသော ယူကရိန်းခဲယမ်းမီးကျောက်ဂိုဒေါင်တစ်ခုကို ရုရှားတပ်ဖွဲ့မှ ဖျက်ဆီးခဲ့သည်ဟု ရုရှားဆို

(GMT+08:00)2022-08-08 16:23:09  

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ရုရှားတပ်ဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံ Mykolaiv ပြည်နယ်ရှိ ယူကရိန်းတပ်ဖွဲ့မှ ခဲယမ်း မီးကျောက်ဂိုဒေါင်တစ်ခုကို ဖျက်ဆီးခဲ့ကြောင်း၊  ၄င်းခဲယမ်းမီးကျောက်ဂိုဒေါင်တွင် နေတိုး အဖွဲ့ဝင်နိုင်ငံများမှ ထောက်ပံ့သော တန်ချိန်သောင်းနှင့်ချီသည့် ခဲယမ်းမီးကျောက်များကို စုဆောင်း သိုလှောင်ထားကြောင်း၊ ထို့အပြင် ရုရှားတပ်ဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံ Donetsk ဒေသတွင် ယူကရိန်းတပ်ဖွဲ့၏ ဦးစီးကွပ်ကဲမှုဌာန၊ ယာယီတပ်စွဲစခန်း၊ ခဲယမ်း မီးကျောက်တိုက်၊ အမြောက်တပ်စခန်း၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်ပစ်လွှတ်ရေး ကိရိယာများစွာကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သြဂုတ်လ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

ယူကရိန်းတပ်ဖွဲ့က ရုရှားနိုင်ငံအနေဖြင့် Kherson ဒေသတွင် ယူကရိန်းတပ်ဖွဲ့၏ တုံ့ပြန်တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ယူကရိန်းနိုင်ငံ၏ တောင်ပိုင်းဒေသတွင် တပ်အင်အား စုစည်းနေကြောင်း သြဂုတ်လ ၇ ရက်နေ့က အကြောင်းကြားခဲ့ပါသည်။