ပလိုစီ၏ ထိုင်ဝမ် ခရီးစဉ် အမေရိကန် ပြည်တွင်းတွင် ဝေဖန်မှု များစွာ ခံရ

(GMT+08:00)2022-08-08 16:39:44  

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပလိုစီ ၏ ထိုင်ဝမ် ခရီးစဉ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြင်းထန်သော ပြစ်တင်ရှုတ်ချမှုကို ခံရသည့်အပြင် အမေရိကန် ပြည်တွင်းတွင်လည်း ဝေဖန်မှုနှင့် ဆန့်ကျင်မှု များစွာ ခံရသည်။ 

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Charles W. Freeman Jr. က China Media Group မှ အင်တာဗျူးကို လက်ခံရာတွင် ပလိုစီ ၏ ယင်းလုပ်ရပ်သည် ၄င်း၏ တစ်ဦးချင်း နိုင်ငံရေး ပြသမှုသက်သက်ဖြစ်ပြီး လုံးဝ တာဝန် မဲ့ခြင်းဖြစ်ကြောင်း အလေးထား ပြောကြားသည်။

The Washington Post သတင်းစာတွင် ပလိုစီ ၏ ထိုင်ဝမ် ခရီးစဉ်သည် အန္တရာယ်ရှိပြီး အနက်အဓိပ္ပါယ်မရှိသော ခရီးစဉ်ဖြစ်သည်ဟု ဝါရှင်တန်မှ အရာရှိများစွာက ယူဆကြကြောင်း ရေးသားဖော်ပြသည်။

The New York Times သတင်းစာတွင် ပလိုစီ ၏ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ခရီးစဉ်သည် သမ္မတ ဘိုင်ဒင်၏ ဆန္ဒနှင့် ဖီလာဆန့်ကျင်ပြီး အလွန် မဆင်မခြင် ဖြစ်ကာ အန္တရာယ် အလွန်များပြား၍ လုံးဝ တာဝန်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

စာရေးဆရာ Thomas L. Friedman က ပလိုစီ ၏ ယခုအကြိမ် ခရီးစဉ်သည် မည်သည့် ကောင်းမွန်သည့် အကျိုးဆက်မှ ရှိမည် မဟုတ်ကြောင်း သတိပေး ပြောကြားသည်။

အင်တာနက် သုံးစွဲသူ အချို့က လာမည့်အကြိမ် လွှတ်တော်တွင် ပလိုစီ ကဲ့သို့သော လူရူး မရှိနိုင် တော့ကြောင်း ဝေဖန်သည်။