ဆိုမာလီတွင် ငတ်မွတ်ခေါင်းပါးမှုကို ကြိုတင်ကာကွယ်ရန် ငွေကြေးထောက်ပံ့မှုပြုလုပ်ပေးရန် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ပန်ကြား

(GMT+08:00)2022-08-07 15:08:27  

ဒေသစံတော်ချိန် ယခုလ ၅ ရက်နေ့က ဆိုမာလီဆိုင်ရာ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ဆိုမာလီရှိ လူပေါင်း ၈သိန်း၈သောင်းအား ကူညီရန် အမေရိကန် ဒေါ်လာ ၁၃၁.၄ သန်း အရေးပေါ်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ဆိုမာလီ ဒေသ ၉၀ အနက် ၅၅ ခုတွင် ငတ်မွတ်ခေါင်းပါးမှု ကြိုတင် ကာကွယ်ရေးလုပ်ငန်းအတွက် ငွေကြေး ၄၆ ရာခိုင်နှုန်းသာရရှိခဲ့ကြောင်း၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ဇန်န၀ါရီလမှစ၍ ဆိုမာလီတွင် မိုးခေါင်ရေရှားမှုနှင့် ဆက်နွှယ်သော အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၅၀၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။