တူရကီနိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ပါဝင်နိုင်ဖွယ်ရာရှိ

(GMT+08:00)2022-08-07 15:10:26  

တူရကီသမ္မတအာဒိုဂန်သည် ရုရှားနိုင်ငံသို့သွားရောက်လည်ပတ်ပြီးနောက် တူရကီမီဒီယာများနှင့် တွေ့ဆုံရာတွင် စက်တင်ဘာလတွင် ဥဇဘက်ကစ္စတန်၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် တူရကီပါဝင်နိုင်ဖွယ်ရာရှိသည်ဟု ပြောကြားကြောင်း၊ တူရကီသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၊ အကဲခတ်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့်အတူ စုစည်းရန် မျှော်လင့်ကြောင်း၊ အထူးအခြေအနေမရှိလျှင် အာဒိုဂန်ကိုယ်တိုင် အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း တူရကီမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။