၂၀၂၂ ခုနှစ် တရုတ်-အာဆီယံ မီဒီယာ တတ်သိပညာရှင်များအဖွဲ့ ဖိုရမ် ကျင်းပ

(GMT+08:00)2022-08-07 15:05:15  

၂၀၂၂ ခုနှစ် တရုတ်-အာဆီယံ မီဒီယာ တတ်သိပညာရှင်များအဖွဲ့ ဖိုရမ်ကို ယခုလ ၅ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် “နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကံကြမ္မာတူ လက်တွဲ ဆောင်ရွက်ပေး” ဖြစ်ပါသည်။ တရုတ်နှင့် အာဆီယံ ၁၀ နိုင်ငံမှ အရာရှိများ၊ အဓိကမီဒီယာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တတ်သိ ပညာရှင်အဖွဲ့များမှ ပညာရှင်များသည် အွန်လိုင်းနှင့် အော့ဖ်လိုင်း အသွင်ပုံစံဖြင့် ဖိုရမ် အစည်းအဝေးသို့ တက်ရောက်ပြီး နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက် ဖေါ်ဆောင်မှု တိုးမြှင့်ရေး၊ တရုတ်နှင့် အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တိုးမြှင့်ရေး စသည့် အကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။

ဖိုရမ် တက်ရောက်သူများသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်မှု တည်ငြိမ်စေရေး နယ်ပယ်များတွင် အရေးကြီးသော အခန်းကဏ္ဍကို တန်ဖိုးထား ချီးကျူးကြပြီး၊ ဒေသတွင်း နိုင်ငံအသီးသီးတို့၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး၊ အကျိုးတူ ဖေါ်ဆောင်ရေးဆိုင်ရာ မျှော်လင့်ချက်များနှင့်အညီ၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်စေသော အပျက်သဘော အကြောင်းရပ်များကို လက်တွဲ ရင်ဆိုင် ဖြေရှင်း၍ သာယာသောရပ်ရွာများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် တည်ဆောက် ရမည် ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။