ရေခဲအရည်ပျော်၍ ၁၉၆၈ ခုနှစ်က ပျက်ကျသွားသော ဆွစ်ဇာလန်လေယာဉ်ပျက် ထွက်ပေါ်လာ

(GMT+08:00)2022-08-07 15:11:43  

မကြာခင်ရက်များက ဆွစ်ဇာန်လန်နိုင်ငံမှ လမ်းပြတစ်ဦးသည် အဲလ်ပ်တောင် အယ်လယ်ခ်ျရေခဲမြစ်ဒေသပေါ်၌ ၁၉၆၈ ခုနှစ်က ပျက်ကျခဲ့သောလေယာဉ်ငယ်တစ်စင်း၏ အပျက်အစီးများကို တွေ့ရှိခဲ့ကြောင်း ဂျာမဏီသတင်းဌာနမှ သတင်းအရ သိရပါသည်။

ယင်းလေယာဉ် အပျက်အစီများထွက်ပေါ်လာခြင်းသည် ရေခဲအရှိန်အဟုန်ဖြင့် အရည်ပျော်ခြင်းနှင့် သက်ဆိုင်ကြောင်း ဆွစ်ဇာလန် ရဲဘက်က ပြောကြားသည်။