ဘင်္ဂလားဒေ့ရှ်တွင် ရေနံဈေး လေးငါးဆယ် ရာခိုင်နှုန်း တက်လာပြီး လူထုများသည် ဘဝ ခက်ခဲကြောင်း ခံစားရ

(GMT+08:00)2022-08-07 15:09:12  

ဒေသစံတော်ချိန် ယခုလ ၆ရက်နေ့ ညသန်းခေါင်မှစတင်ပြီး ဒီဇယ်နှင့်အခြားလောင်စာဆီ၏ ဈေးနှုန်းများ တိုးမြှင့်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက  ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့အနက် ဒီဇယ်နှင့်ရေနံဆီမှာ တစ်လီတာလျှင် ၄၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်လီတာဈေးနှုန်းမှာ ၁၁၄ တာကာ၊ ဓာတ်ဆီဈေးသည် တစ်လီတာလျှင် ၅၁.၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခုတစ်လီတာလျှင် ၁၃၀ တာကာ ဖြင့်ရောင်းချနေသည်။

ဒါကာမြို့ဒေသခံဇယ်တယ်က “အခုလိုမြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေကို ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက လက်မခံနိုင်ဘူး၊ နိုင်ငံတွင်းမှာ ကုန်ပစ္စည်းများရဲ့ဈေးတွေ အရမ်းဈေးကြီးနေပြီ၊ ဒီလို ဈေးတက်လာခြင်းဟာ သာမန်ပြည်သူတွေအတွက် ဘေးအန္တရာယ်တစ်ခုပါပဲ”ဟု ပြောကြားခဲ့သည်။