နယူးယောက်မြို့တွင် ကိုယ်ဝန်ဖျက်ချမှု အခွင့်အရေးကို ထောက်ခံခြင်း ဆန္ဒပြပွဲတွင် အငြင်းပွားမှု ဖြစ်ပွားပြီး လူ ၅ ဦး ဖမ်းဆီးခံခဲ့ရ

(GMT+08:00)2022-08-07 15:06:40  

ဒေသစံတော်ချိန် ယခုလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကိုယ်ဝန် ဖျက်ချမှုထောက်ခံခြင်း ဆန္ဒပြပွဲတွင် အငြင်းပွားမှုဖြစ်ပွားပြီး လူငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုနေ့တွင် နယူးယောက်မြို့ မန်ဟက်တန်အောက်ပိုင်းတွင် ကိုယ်ဝန်ဖျက်ချမှု ထောက်ခံသော ဆန္ဒပြသူများသည် ကိုယ်ဝန်ဖျက်ချမှုကိုဆန့်ကျင်သူများအကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ရဲဘက်က အခင်းဖြစ်ပွားသောနေရာသို့ ချက်ချင်းသွားရောက်ပြီး အငြင်းပွားမှုငြိမ်သက်စေရန် ဆောင်ရွက်ခဲ့သည်ဟု နယူးယောက်ရဲဌာနမှ အတည်ပြုခဲ့ကြောင်း၊ ရဲဘက်သည် ဖမ်းဆီးထားသူများ၏ အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိကြောင်း သိရပါသည်။