ကျူးဘားနိုင်ငံရေနံသိုလှောင်ရေးစခန်းတွင် မီးလောင်မှုကြောင့် လူ ၁ ဦးသေဆုံး

(GMT+08:00)2022-08-07 15:06:01  

ဒေသစံတော်ချိန် ယခုလ ၆ ရက်နေ့က ကျူးဘားအစိုးရသည် ရေနံသိုလှောင်ရေး စခန်းတွင် ဖြစ်ပွါးသော မီးလောင်မှုမှ ပထမဆုံးသေဆုံးသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရပါသည်။

အစောပိုင်းသတင်းအရ ၆ ရက်နေ့လင်းအားကြီးအချိန်တွင် ကျူးဘားနိုင်ငံ မာတန်ဇာစ်ပြည်နယ်ရှိ ရေနံသိုလှောင်ရေးစခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၇၇ ဦးဒဏ်ရာရရှိကာ ၁၇ ဦး ပျောက်ဆုံး နေကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် မီးလောင်မှုဆက်လက်ဖြစ်ပွားနေပြီး အနီးနားရှိ ဒေသခံ များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီဖြစ်ပြီး ကျူးဘားအစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ အကူအညီများ တောင်းခံထားကြောင်း သိရပါသည်။