ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်တွင် နိုက်ကလပ်မီးလောင်မှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာ

(GMT+08:00)2022-08-07 15:09:51  

သြဂုတ်လ ၅ ရက်နေ့ မနက်အစောပိုင်းက Sattahip ခရိုင် နိုက်ကလပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာပြီး ၃၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ထိုင်းနိုင်ငံချွန်ဘူရီပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ဒေသစံတော်ချိန် ၆ ရက်နေ့တွင် ပြောကြားပါသည်။

ရဲတပ်ဖွဲ့၏ ပဏာမစုံစမ်းစစ်ဆေးမှုအရ နိုက်ကလပ်သည် စည်းကမ်းဖောက်ဖျက်ပြီး ဒေသခံ အာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ ဖွင့်လှစ်ခြင်းဖြစ်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အတက်အဆင်းများနှင့် ထွက်ပြေးရန် လမ်းကြောင်းများလည်း ပြဿနာရှိကာ လက်ရှိအချိန်တွင် မီးလောင်မှုအကြောင်းရင်းကို စုံစမ်း စစ်ဆေး နေသေးသည်ဟု သိရပါသည်။