ဆီးရီးယား၌ တရားမဝင် တပ်စွဲထားသော အမေရိကန်စစ်တပ်သည် ဆီးရီးယား ရေနံကို ထပ်မံခိုးယူ

(GMT+08:00)2022-08-07 15:11:15  

ဒေသစံတော်ချိန် သြဂုတ်လ ၅ ရက်နေ့ညက ဆီးရီးယားနိုင်ငံ၌ တရားမဝင် တပ်စွဲထားသော အမေရိကန်စစ်တပ်သည် ဆီးရီးယားရေနံကို ထပ်မံခိုးယူခဲ့သည်။ အမေရိကန် စစ်တပ်သည် ရေနံတင်ကား၊ ထရပ်ကားများအပါအဝင် မော်တော်ကား ၆၀ ပါဝင်သောအဖွဲ့ဖြင့် ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းဒေသ၌ ခိုးယူသောရေနံကို တင်ဆောင်ပြီး ဆီးရီးယားနှင့် အီရတ်အကြား တရားမဝင် နယ်စပ်ဂိတ်ကို ဖြတ်ကျော်ကာ အီရတ်နိုင်ငံသို့ ပို့ဆောင်ခြင်းဖြစ်သည်။

ထိုကဲ့သို့သော ခိုးယူမှုသည် ကြိမ်ဖန်များစွာ ဖြစ်ပွားနေပြီဖြစ်သည်။ ယခုလ ၂ ရက်နေ့က အမေရိကန်စစ်တပ်သည် ခိုးယူထားသော ဆီးရီးယားရေနံကိုတင်ဆောင်ထားသည့် ရေနံတင်ကား ၃၁ စီးကို အီရတ်နိုင်ငံသို့ ပို့ဆောင်ရန် သံချပ်ကာကားဖြင့် ကာကွယ် ပေးခဲ့သည်။

မျက်မှောက်အချိန်တွင် အမေရိကန်နိုင်ငံသည် ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းဒေသ နယ်မြေများကိုသိမ်းပိုက်နေဆဲဖြစ်ပြီး ဆီးရီးယားရေနံအရင်းအမြစ်၏ ၉၀ ရာခိုင်းနှုန်းကို ထိန်းချုပ်လျက်ရှိသည်။ အမေရိကန်သည် ဒေသခံ အတိုက်အခံလက်နက်ကိုင်အဖွဲ့များကို ထောက်ခံခြင်းဖြင့် ဆီးရီးယားရေနံ၊ စားနပ်ရိက္ခာစသည်တို့ကို ခိုးယူပြီး ဆီးရီးယား လူသားချင်းစာနာထောက်ထားမှု အန္တရာယ်အခြေအနေကို ပိုမိုဆိုးဝါး စေကြောင်း သတင်းအရ သိရပါသည်။