အဲဒါက ဘတ်စ်ကတ်ဘောပြိုင်ပွဲမှာ ရှိသင့်တဲ့ ပုံစံမျိုးလေတရုတ်ကွေ့ကျိုးပြည်နယ် ”ကျေးရွာ” BA ကို အင်တာနက်မှာလူကြိုက်များနေတယ်

(GMT+08:00)2022-08-07 15:07:43  

တရုတ်ကွေ့ကျိုးပြည်နယ် အနောက်တောင်ပိုင်းရှိ ထိုင်ကျန်းခရိုင် ထိုင်ပန်ကျေးရွာမှာ ကျင်းပတဲ့ ဘတ်စ်ကတ် ဘောပြိုင်ပွဲရဲ့ အနေအထားက ပရော်ဖက်ရှင်နယ်ဘတ်စ်ကတ်ဘောပြိုင်ပွဲကိုတောင် မရှုံးနိုင်ဘူးလေ။ ပြိုင်ပွဲကျင်းပတဲ့နေရာက ထူးခြားတဲ့လေဟာပြင်ကွင်းဖြစ်ပြီး ဝင်ခွင့်လက်မှတ်မရှိဘဲနဲ့ ကစားသမားများနဲ့ ပရိသတ်များအားလုံးက ဒေသခံတောင်သူလယ်သမားများဖြစ်လို့ အဲဒီပြိုင်ပွဲကို "ကျေးရွာ" BA လို့ ခေါ်ကြတယ်။

အဲဒီပြိုင်ပွဲရဲ့ နောက်ထူးခြားချက်တစ်ခုက ဆုလက်ဆောင်များဖြစ်တယ်။ ချန်ပီယံဆုကို နွားတစ်ကောင်၊ ဒုတိယဆုကို ဆိတ် ၂ ကောင်၊ တတိယဆုကို ဝက်ငယ်နှစ်ကောင် ဆုချီးမြှင့်ပေးမယ်။