အမေရိကန်အိမ်ဖြူတော်အနီးတွင် မိုးကြိုးပစ်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိ

(GMT+08:00)2022-08-06 17:09:15  

အမေရိကန်အိမ်ဖြူတော်အနီးတွင် မိုးကြိုးပစ်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး တစ်ဦး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိသောကြာင့် ဆေးရုံတင်ပြီး ဆက်လက် ကုသနေရကြောင်း အမေရိကန် ရဲဘက်က ဒေသစံတော်ချိန် သြဂုတ် ၅ ရက်တွင် အတည်ပြုခဲ့ပါသည်။

ဒေသစံတော်ချိန် ၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဝါရှင်တန်ဒေသ၌ ပြင်းထန်သော မိုးကြိုးမုန်တိုင်း ဖြစ်ပွားခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၂၀ သေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။