တရုတ်နိုင်ငံအရှေ့စစ်နယ်တပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် ပူးတွဲ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်

(GMT+08:00)2022-08-06 17:17:59  

ဩဂုတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံအရှေ့စစ်နယ်တပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် ပူးတွဲလေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ အရှေ့စစ်နယ်တပ်ဖွဲ့မှ ရေကြောင်းကာကွယ်ရေး ဖျက်သင်္ဘော ဆယ်စင်းကျော်သည် ထိုင်ဝမ်ကျွန်း တစ်ဝိုက်ရှိ ပင်လယ်ရပ်ဝန်းတွင် ပူးတွဲ ပိတ်ဆို့ထိန်းချုပ်မှုကို ပြုလုပ်ပြီး မြေပြင် တိုက်ခိုက်မှုများ၊ ဘက်စုံတိုက်ခိုက်မှုနှင့် ကာကွယ်မှုများ၊ ရေငုပ်သင်္ဘော တိုက်ခိုက်မှု အပါအဝင် လက်တွေ့စစ်ရေးလေ့ကျင့်မှုများကို နေ့ရောညပါ အဆက်မပြတ် ပြုလုပ်ခဲ့ သည်ဟု China Media Group မှသတင်းအရ သိရပါသည်။