သြဂုတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဖနွမ်းပင်မြို့တွင်ကျင်းပသော ၂၉ ကြိမ်မြောက် အာဆီယံ ဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ဝမ်ယိက မျက်မှောက်အခြေအနေတွင် ဒေသတွင်းနိုင်ငံများသည် အာဆီယံကို ဗဟိုအဖြစ်ထားသည့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို ပိုမိုကြီးမားအားကောင်းလာအောင် ဆောင်ရွက်ပြီး အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန် အောင် လက်တွဲ ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ပထမဦးစွာ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် နိုင်ငံတကာဥပဒေများကို လက်တွေ့ကျ လိုက်နာရမည်ဖြစ်ပြီး ဒုတိယအနေနှင့် ဘက်အသီးသီး၏ အကျိုးစီးပွားများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကာ တတိယအနေနှင့် ဘုံလုံခြုံရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။