တရုတ်နိုင်ငံ၏ ဒုံးကျည်များသည် တိုင်ပေကိုဖြတ်သန်းသည်ဟူသော ဂျပန်မီဒီယာများ၏ သတင်းဖေါ်ပြချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

(GMT+08:00)2022-08-06 17:13:21  

တရုတ်နိုင်ငံသည် ဒုံးကျည် လေးစင်းကိုပစ်လွှတ်ပြီး ယင်းဒုံးကျည်များသည် တိုင်ပေ ကောင်းကင်ကို ဖြတ်ကျော်သွားသည်ဟု ဂျပန်မီဒီယာတွေက ဖော်ပြပါသည်။ ယင်းသတင်း မှန်မမှန် တရုတ်နိုင်ငံအနေနှင့် မည်သည့် မှတ်ချက်ရှိသနည်းဟု သတင်းထောက်မှ သြဂုတ်လ ၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့ပါသည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က မှတ်ချက်ပေးစရာမလိုဘဲ၊ မှတ်ချက်ပေးရမှာဆိုလျှင် ပလိုစီ၏ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မှုသည် လက်ရှိတင်းမာသောအခြေအနေကို ဖြစ်စေကြောင်း၊ တရုတ်နိုင်ငံ၏ တန်ပြန်ဆောင်ရွက်မှုအားလုံးသည် တရားမျှတပြီး လိုအပ် သင့်လျော်ခြင်းဖြစ်ကြောင်း၊ ဂျပန်ဘက်က ယင်းကိစ္စအပေါ် တိကျမှန်ကန်တဲ့ နားလည် သိရှိမှုရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။