ငြိမ်းချမ်းရေးကို အမြဲ အော်ဟစ်နေတဲ့ အမေရိကန်က အမှန်တော့ ငြိမ်းချမ်းရေးဖျက်ဆီးသူပဲ ဖြစ်တယ်

(GMT+08:00)2022-08-06 17:06:09  

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပလိုစီက ထိုင်ဝမ်ကို ရုတ်တရက် ခရီး လှည့်လည်ခဲ့စဉ်မှာ “ဒီခရီးစဉ်ဟာ အဲဒီဒေသမှာ ငြိမ်းချမ်းရေးကို တိုးမြှင့်ဖို့ အတွက် ဖြစ်တယ်”လို့ ဆိုခဲ့တယ်။ ဂျီ-၇ နိုင်ငံခြားရေး ဝန်ကြီးများကလည်း ကြေညာချက်ကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံရဲ့ တရားမျှတသော တန်ပြန်ဆောင်ရွက်မှုဟာ “ဒေသတွင်း အခြေအနေ တင်းမာစေနိုင်မယ်”လို့ ပုတ်ခတ်ပြောဆိုပြီး “ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်”လို့ ဆိုခဲ့တယ်။

ယခုရက်များမှာ နိုင်ငံတစ်ရာကျော်တို့က သဘောထားရပ်တည်ချက်များကို ပြသပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ကြောင်း၊ တရုတ်နိုင်ငံက အချုပ်အခြာ အာဏာပိုင်ခွင့်နဲ့ နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ခြင်းကို ထောက်ခံကြောင်း အသီးသီး ဖေါ်ပြခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်ကြောင်း၊ ၁၉၇၁ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ကို လိုက်နာကျင့်သုံးကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ တရုတ်နဲ့ အမေရိကန် ရေးရာ သုတေသနဌာနမှ အဆင့်မြင့် သုတေသီ ဂူဘတာက ဂျီ-၇ နိုင်ငံခြားရေး ဝန်ကြီးများရဲ့ ကြေညာချက်ဟာ ရန်စမှု တစ်မျိုး ဖြစ်ပြီး သူတို့ဟာ မိမိကိုယ့်ကိုယ် ပြန်လည် ဆန်းစစ်သင့်ကြောင်း ပြောကြားခဲ့တယ်။

ပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်ဟာ အမေရိကန်က စတင် စီစဉ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ရဲ့ ထိုင်ဝမ်အရေးကို အသုံးပြုပြီး တရုတ်ပြည်အား ဟန့်တားရေးဆိုင်ရာ နိုင်ငံရေး စိန်ခေါ်မှု ဖြစ်တယ်။ အမေရိကန်က ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာမှုအပေါ် လုံးဝ တာဝန်ယူရမှာ ဖြစ်ပါတယ်။

အမေရိကန်က “မင်းနဲ့အတူတူ ရပ်တည်ပြီး ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမယ်”လို့ စကားပြောတိုင်း ဘေးအန္တရာယ်နဲ့ စစ်ပွဲများကိုသာ ယင်းနေရာကို ဆောင်ကြဉ်း တတ်ခဲ့တယ်ဆိုတာ လူအများက တွေ့မြင်ပါတယ်။ ထိုင်ဝမ်မီဒီယာများက “ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ တောမီး ညှိသလိုပဲ ထိုင်ဝမ် အတွက် ကမောက်ကမ ဖြစ်မှုတွေကို ချန်ထားပေးတယ်”လို့ ပြစ်တင်ဝေဖန်ခဲ့တယ်။ ဥရောပမှ ယနေ့ခေတ် သံတမန်ရေး ဝက်ဘဆိုက်မှာ အမေရိကန်ဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ မဟုတ်ဘဲ အငြင်းပွားမှုကို စတင်ပြုလုပ်သူ ဖြစ်တယ် ဆိုတာ တစ်ကမ္ဘာလုံးက သိပါကြောင်း ရေးသား ဖေါ်ပြ ထားပါ တယ်။

အမှန်တရားဆိုတာဟာ လူသားတိုင်းရင်ထဲမှာ ရှိပါတယ်။ ငြိမ်းချမ်းရေးကို အမြဲ အော်ဟစ်နေတဲ့ အမေရိကန်က အမှန်တော့ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူပဲ ဖြစ်ကြောင်း China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်တွင် ရေးသား ဖေါ်ပြထားပါတယ်။