ထိုင်ဝမ်သို့ သွားရောက်ခြင်းသည် ပလိုစီ၏ နိုင်ငံရေးအကြောင်းတွင် ထာဝရ အရှက်ရဖွယ် ကိစ္စဖြစ်နေမည်

(GMT+08:00)2022-08-06 17:07:02  

ပလိုစီ ထိုင်ဝမ်သို့ အသည်းအသန် ရုတ်တရက် ခရီးလှည့်လည်ခဲ့သည့် လုပ်ရပ်၏ ရည်ရွယ်ချက်သည် ပြည်တွင်း လူထုများ၏အာရုံကို ပြောင်းစေရန် ဖြစ်ကြောင်း၊ ပလိုစီ၏ သားသည် FBI မှ စုံစမ်းစစ်ဆေးမှု ခံခဲ့ရသည့် သတင်းဆိုး ရှိနေကြောင်း၊ သူ့ခင်ပွန်း ဖြစ်သူသည် အစုရှယ်ယာများကို အတွင်းကြိုးကိုင် ရောင်းဝယ်မှု သံသယ ရှိခံရသူဖြစ်သည့် အပြင် အရက်မူးပြီး ကားမောင်းခြင်းနဲ့ ဘိန်းစွဲခြင်း သံသယ ဖြစ်မှုလည်း မကြာမီက ပေါက်ကြားလာခဲ့ကြောင်း၊ ပလိုစီလို ကိုယ့်မိသားစုကိုတောင် ကောင်းအောင် မစီမံနိုင်သူ သည် ဒုက္ခဖန်တီးသူသက်သက် ဖြစ်ကြောင်း အမေရိကန် မီဒီယာများတွင် ရေးသား ဖေါ်ပြ ထားပါသည်။

ပလိုစီက ထိုင်ဝမ်သို့ ရုတ်တရက် ခရီးလှည့်လည်ခဲ့ပြီး တရုတ်ပြည်အား ရန်စသည့် လုပ်ရပ်သည် ၄င်း၏  နိုင်ငံရေး အကြောင်းတွင် ထာဝရ အရှက်ရဖွယ် ကိစ္စ ဖြစ်သွားမည် ဖြစ်သည်။