ပလိုစီ ထိုင်ဝမ်သို့သွားရောက်ခြင်းကို ရည်ရွယ်ပြီး တန်ပြန်ဆောင်ရွက်ချက်များ ပြုလုပ်မည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ

(GMT+08:00)2022-08-06 13:04:42  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီသည် တရုတ်နိုင်ငံ၏ ကန့်ကွက်ပြောဆိုမှုများကို လျစ်လျူရှုပြီး တရုတ်ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းကိုပြုလုပ်သည့်အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနသည် သြဂုတ်လ ၅ ရက်နေ့တွင် အောက်ပါ တန်ပြန်ဆောင်ရွက်ချက်များ ကျင့်သုံးမည်ဖြစ်သည်။

၁။တရုတ်နှင့်အမေရိကန်စစ်တပ်ခေါင်းဆောင်များကြား ဖုန်းခေါ်ဆိုမှုကို ဖျက်သိမ်းခြင်း။

၂။တရုတ်နှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သဘော တွေ့ဆုံမှုကို ဖျက်သိမ်းခြင်း။

၃။တရုတ်-အမေရိကန် ပင်လယ်ပြင်စစ်ရေးဆိုင်ရာ လုံခြုံရေးညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးကို ဖျက်သိမ်း ခြင်း။

၎။တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ရေးတွင် တရုတ်-အမေရိကန် ပူးပေါင်း ဆောင်ရွက်မှုကို ဆိုင်းငံ့ခြင်း။

၅။တရုတ်-အမေရိကန် ရာဇ၀တ်မှု တရားစီရင်ရေးဆိုင်ရာ အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားခြင်း။

၆။နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ခြင်း။

၇။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ခြင်း။

၈။တရုတ်-အမေရိကန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ဆိုင်းငံ့ခြင်း။