တရုတ်နှင့် နိုင်ငံ ၁၆၀ ကျော်တို့သည် တရားမျှတမှုဘက် ရပ်တည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-08-06 17:15:09  

  သြဂုတ်လ ၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က Pelosi ၏ ထိုင်ဝမ် ခရီးစဉ်ပြီးနောက် နိုင်ငံ ၁၆၀ ကျော်တို့သည် ယင်းခရီးစဉ်သည် ပြင်းထန်သော ရန်စမှုဖြစ်ပြီး တာဝန်မဲ့လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချကာ မိမိတို့သည် တရုတ်ပြည် တစ်ပြည် တည်းသာ ရှိရေးမူကို ဆက်လက် စွဲကိုင်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှု ထိန်းသိမ်းကာကွယ်ရေးလုပ်ရပ်ကို ထောက်ခံကြောင်း ဖော်ပြသည်ဟု ပြောကြားသည်။

အမေရိကန်နှင့် ၄င်း၏ မိတ်ဘက်များသည် ဒီမိုကရေစီကို အကယ်၍ လေးစားလျှင် ၁.၄ ဘီလီယံရှိသော တရုတ်ပြည်သူများ၏ အသံကို နားဆင် လေးစားသင့်ပြီး ကမ္ဘာပေါ်က လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသော အနောက်နိုင်ငံမဟုတ်သော နိုင်ငံများမှ ပြည်သူများ၏ အသံကို နားဆင် လေးစားသင့်ကြောင်း ရှင်းလင်းစွာ သိရှိနားလည်ရန် မျှော်လင့်သည်ဟု ဟွာချွင်ယဉ်က ပြောကြားသည်။