ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

(GMT+08:00)2022-08-06 17:26:19  

ဒေသစံတော်ချိန် ဩဂုတ်လ ၅ ရက်နေ့တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က တိုက်လေယာဉ်များကိုစေလွှတ်ပြီး ပါလက်စတိုင်းဂါဇာကမ်းမြောင်ဒေသကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၆၅ ဦးဒဏ်ရာရခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဌာနက ပြောကြားခဲ့ပါသည်။