Baihetan ရေအားလျှပ်စစ်စခန်း၏ ယူနစ်၇ တရားဝင်စီးပွားဖြစ်လည်ပတ်၊ စုစုပေါင်း တပ်ဆင်နိုင်မှု ကီလိုဝပ် ၁၀ သန်းအထိ ရောက်ရှိ

(GMT+08:00)2022-08-06 17:08:19  

Baihetan ရေအားလျှပ်စစ်စခန်း၏ ယူနစ်၇ သည် ၇၂ နာရီကြာစမ်းသပ်လည်ပတ်မှုကို အောင်မြင်ခဲ့ပြီး တရားဝင်စီးပွားဖြစ် လည်ပတ်ခဲ့ပါသည်။ ၎င်းသည် Baihetan ရေအားလျှပ်စစ်စခန်းမှ ဓါတ်အား ထုတ်လုပ် လည်ပတ် သည့် ၁၀ ခုမြောက် ကီလိုဝပ်သန်းချီရှိသော ရေအားလျှပ်စစ်ထုတ်လုပ်သည့် ယူနစ် ဖြစ်သည်။ ယခုအချိန်အထိ လည်ပတ်ပြီးသော ကီလိုဝပ်သန်းချီရှိသော ယူနစ် ၁၀ ခုသည် သန့်ရှင်းသော ဓာတ်အား ၃၄.၅ ဘီလီယံ ကီလိုဝပ်နာရီကို ပေးပို့နိုင်ခဲ့သည်။

Baihetan ရေအားလျှပ်စစ်စခန်းသည် စီချွမ်း ပြည်နယ် နင်နန်ခရိုင်နှင့် ယူနန်ပြည်နယ် ချောင်ကျား ခရိုင်တို့ ဆက်စပ်ရာ ကျင်းရှားမြစ်၏အောက်ပိုင်းတွင် တည်ရှိသည်။ စုစုပေါင်းတပ်ဆင်နိုင်မှုမှာ ကီလိုဝပ် ၁၆ သန်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဖြစ်ကာ နှစ်စဉ်ပျမ်းမျှ ဓာတ်အားထုတ်လုပ်မှုသည် ကီလိုဝပ်နာရီ ၆၂.၄၄၃ ဘီလီယံအထိ ရှိသည်ဟု သိရသည်။