ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ နိုက်ကလပ်မီးလောင်မှုတွင် လူ ၁၄ ဦး သေဆုံး

(GMT+08:00)2022-08-06 17:14:16  

ဒေသစံတော်ချိန် ယခုလ ၅ ရက်နေ့ မိုးလင်းချိန် ၁ နာရီခန့်တွင် ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ Mountain B နိုက်ကလပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ချွန်ဘူရီ ပြည်နယ် ကျန်းမာရေးဌာနအရာရှိ၏ ထုတ်ပြန်ချက်အရ မီးလောင်မှုကြောင့် လူ ၁၄ ဦး သေဆုံး၊ ၃၈ ဦး ဒဏ်ရာရရှိပြီး ယင်းအနက် လူ ၂၀ သည် ပြင်းထန်သော အပူလောင်ခြင်း ခံရကြောင်း၊ ဒေသခံဆေးရုံ၏ အခြေအနေနှင့် ဆေးကုဝန်ထမ်းအရေအတွက် မလုံလောက်မှုကြောင့် လူ ၁၂ ဦးကို ဘန်ကောက်ရှိ ဆေးရုံများသို့ ရွှေ့ပြောင်းပြီး ဆက်လက် ကုသပေးကြောင်း၊ ပဏာမစုံစမ်းစစ်ဆေးမှုအရ ယင်းနိုက်ကလပ်သည် တရားမဝင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။