တရုတ်နိုင်ငံသည် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကို ပိတ်ဆို့အရေးယူမှု ချမှတ်

(GMT+08:00)2022-08-06 13:11:57  

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi သည် တရုတ်နိုင်ငံ၏ အာရုံစိုက်ချက်နှင့် ပြတ်ပြတ်သားသား ကန့်ကွက်ခြင်းကို လျစ်လျူရှုပြီး ထိုင်ဝမ်သို့ ဇွတ်အတင်း သွားရောက်ခြင်းလုပ်ရပ်သည် တရုတ်ပြည်တွင်းရေးကို ပြင်းထန်စွာ ၀င်ရောက်စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ထိခိုက်ခြင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို ပြင်းထန်စွာ ထိခိုက်ခြင်းနှင့် ထိုင်ဝမ်ရေလက်ကြား အေးချမ်း တည်ငြိမ်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း၊ Pelosi ၏ ဆိုးသွမ်းသော ရန်စသည့် လုပ်ရပ်ကို ရည်ညွှန်းပြီး တရုတ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဥပဒေအရ Pelosi နှင့် သူ့မိသားစုဝင်များအပေါ် ပိတ်ဆို့ အရေးယူမှုကို ဆောင်ရွက်မည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။