ဝမ်ယိ သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

(GMT+08:00)2022-08-06 17:17:06  

သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖနွမ်းပင်မြို့၌ အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ပြီးနောက် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

အမေရိကန်သည် နိုင်ငံတကာဥပဒေများကို လိုက်နာပြီး နိုင်ငံအသီးသီး၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး ဝမ်ယိက အမေရိကန်နိုင်ငံ၏ ဤသို့သော ပြောဆိုချက်မျိုးကို မကြားရတာ ကြာပြီဖြစ်ကြောင်း၊ အမေရိကန်သည် ယခုအချိန်အထိ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိခိုက်ကျူးလွန်မှုများ မည်မျှပင် အများအပြား ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် အမှန်တကယ် အမှားများကို ပြင်နိုင်လျှင် မိမိတို့က အားပေးမည်ဖြစ်ကြောင်း၊ သို့သော် အမေရိကန် သည် အဓိကအနေဖြင့် ယင်းကို လက်တွေ့ဖော်ဆောင်ရန် လိုအပ်ပြီး ပထမဆုံး အနေနှင့် ထိုင်ဝမ်အရေးအပေါ် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ခွင့်နှင့်နယ်မြေ တည်တံ့ ပြည့်စုံမှုကို လေးစားခြင်း ကတိကဝတ်ကို လိုက်နာပြီး တရုတ် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ထိုင်ဝမ်သီးခြားတည်ရှိရေးအင်အားကို ထောက်ခံ အားပေးခြင်းအား ထပ်မလုပ်ရန်လိုကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။