“ရှန်ဟိုင်းစတိုင်”ပန်းချီဆရာ ချင်ကျားလင်၏ ဆန်းသစ်စတိုင် ပန်းချီကား

(GMT+08:00)2022-08-06 19:46:10  

 

၂၀၁၆ ခုနှစ် ဆောင်းဦးချိန်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ညဧည့်ခံပွဲသို့ တက်ရောက်ကြသော နိုင်ငံအသီးသီးမှ ထိပ်သီး ခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များသည် အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့ကြသည်။ ဓါတ်ပုံ၏ နောက်ခံမှာ ရှီးဟူရေကန် ရှုခင်းသာ အမည် ဖြစ်သည့် ရှီးဟူရေကန် ရှုခင်းအလှများကို ပုံဖေါ်ထားသည့် အကြီးစား ရောင်စုံ တရုတ်စုတ်တံ ပန်းချီကား တစ်ချပ် ဖြစ်ပါသည်။ နိုင်ငံခြား ဧည့်သည်တော်များသည် ဤပန်းချီကားမှ ရှီးဟူ ရေကန်နှင့် တရုတ် ရိုးရာ စုတ်တံပန်းချီကား၏ ရသကို ခံစားခဲ့ရပါသည်။ 

  ဤပန်းချီကားဆွဲသူသည် တရုတ် နာမည်ကြီး “ရှန်ဟိုင်းစတိုင်” ပန်းချီဆရာ ချင်ကျားလင် ဖြစ်သည်။ သူသည် စတိုင်အသစ် တရုတ်စုတ်တံပန်းချီကား၏ ရှေ့ဆောင်သူနှင့် ကိုယ်စား ပြုသူ ဖြစ်သည်။ အသက် ၈၀ အရွယ် ဖြစ်သည့် ချင်ကျားလင်သည် တရုတ်ကြွေထည်ကို မြတ်နိုးသူတစ်ဦးလည်း ဖြစ်ပြီး လူလေးဦး လက်တွဲမှ ဝိုင်းပတ်နိုင်သည့် ငြိမ်းချမ်းရေး၊ ရှင်သန်ရေး အဓိပ္ပါယ် သက်ရောက်သော အကြီးစား ကြာပန်းမြေအိုးနှင့် သလဲသီး မြေအိုး အလုံး ၄၀ ကိုလည်း မီးနဲ့ကြိုအပူပေးပြီး တီထွင်နိုင်ခဲ့ပါသည်။

  ချင်ကျားလင်သည် တရုတ်အကြောင်းပုံပြင်များကို သူ၏စုတ်တံဖြင့် ဆန်းသစ် ဖေါ်ပြပြီး တရုတ် စုတ်တံပန်းချီကား အနုပညာများကို နိုင်ငံတကာသို့ မိတ်ဆက်ပေးရန် ကြိုးပမ်း နေပါသည်။