ဂျီနီဗာရှိ ကုလသမဂ္ဂရုံးသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို လိုက်နာကြောင်း ထပ်မံအတည်ပြု

(GMT+08:00)2022-08-06 17:11:35  

ဒေသစံတော်ချိန် သြဂုတ်လ ၅ ရက်နေ့တွင် ဂျီနီဗာရှိ ကုလသမဂ္ဂရုံးမှ ပြောရေးဆိုခွင့်ရှိသူ Rheal LeBlanc က မကြာသေးမီက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီ၏ ထိုင်ဝမ်သို့သွားရောက်လည်ပတ်မှုနှင့်ပတ်သက်၍ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို စွဲကိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ 

Rheal LeBlanc က ကုလသမဂ္ဂသည် ၁၉၇၁ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို လိုက်နာ ကျင့်သုံးကြောင်း ပြောကြားခဲ့ပါသည်။