ဒေသတွင်းစစ်အင်အားတိုးမြှင့်ရန် ကန်ကြံစည်၊ ကမူးရှူးထိုးမလုပ်ရန် ၀မ်ယိက သတိပေး

(GMT+08:00)2022-08-06 17:15:59  

  

 သြဂုတ်လ ၅ ရက်နေ့ညတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အမေရိကန်နိုင်ငံသည် ပြဿနာတစ်ခုကိုဖန်တီးပေးပြီး ၄င်း၏ပန်းတိုင်ရောက်အောင် ယင်း ပြဿနာကို အသုံးချလေ့ရှိကြောင်း၊ သို့သော် တရုတ်ပြည်ကို ထိုကဲ့သို့သောလုပ်ရပ်ဖြင့် အလုပ်မဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေနှင့် ကမူးရှူးထိုးမလုပ်ရန်၊ ပိုမို ကြီးမားသော အကျပ်အတည်းကိုမဖန်တီးရန် မိမိတို့ သတိပေးကြောင်း ပြောကြားသည်။