အီရတ်နိုင်ငံဘဂ္ဂဒက်တွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်

(GMT+08:00)2022-08-06 17:12:27  

ဒေသစံတော်ချိန် ဩဂုတ် ၅ ရက်နေ့တွင် အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်၌ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်ကျော်သို့ မြင့်တက်လာပြီး အပူချိန် မြင့်တက်လာခြင်းကြောင့် ဘဂ္ဂဒက်နှင့် အခြားအီရတ်ပြည်နယ် ၁၀ ခုသည် မဖြစ်မနေ လေးရက်ကြာ အားလပ်ရက်အဖြစ် ကြေညာ ခဲ့ရပါသည်။

သက်ဆိုင်ရာသတင်းအရ ပူပြင်းသောရာသီဥတုသည် အချိန်အတိုင်းအတာ တစ်ခု အထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ဒေသခံပြည်သူများသည် အပူဒဏ်ကို အေးမြစေရန်အတွက် နည်းလမ်းအမျိုးမျိုးကို အစွမ်းကုန်ရှာကြံနေကြသည်ဟု သိရသည်။