ဝမ်ယိသည် ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2022-08-06 17:22:01  

သြဂုတ် ၅ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိသည် ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဝမ်ယိသည် ထိပ်သီးအစည်းအဝေး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ အကြံပြုချက်များကို ဖေါ်ပြပြီး ၄င်းတို့သည် အပြုသဘော ဆောင်သော နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာဆွေးနွေးခြင်းကို စွဲကိုင်ရန်၊ ထိပ်သီးအစည်းအဝေး၏ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ရန်၊ အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ပူးတွဲရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ရန်တို့ ဖြစ်ကြောင်းသိရပါသည်။