ထိုင်ဝမ်နှင့် ပတ်သက်၍ ၇နိုင်ငံ အုပ်စုမှ မှားယွင်းသော ကြေညာချက်တွင် ဂျပန် ပါဝင်ခြင်း အပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန တည်ကြည်လေးနက်စွာ အရေးဆို

(GMT+08:00)2022-08-05 14:30:52  

ယခုလ ၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး တိန့်လိသည် အမိန့်အရ တရုတ် ဆိုင်ရာ ဂျပန် သံအမတ်ကြီး Tarumi Hideoအား အရေးပေါ် ခေါ်တွေ့ပြီး ထိုင်ဝမ်နှင့် ပတ်သက်၍ ၇နိုင်ငံ အုပ်စု နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဥရောပ သမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်မှ မှားယွင်းသော ထုတ်ပြန်ကြေညာချက် အပေါ် ဂျပန်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုကန့်ကွက်သည်။

တိန့်လိက ထိုင်ဝမ် ပြဿနာသည် တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ အုတ်မြစ်နှင့် နှစ်နိုင်ငံ အကြားရှိ အခြေခံ ကတိကဝတ်နှင့် ကျင့်ဝတ်တရားနှင့် သက်ဆိုင်ကြောင်း၊ ဂျပန်သည် ထိုင်ဝမ်ကို ကိုလိုနီ နယ်မြေ အဖြစ် အချိန်ကြာရှည်စွာ သိမ်းပိုက်ခဲ့ဖူးပြီး ထိုင်ဝမ် ပြဿနာ အပေါ်    ရှောင်လွှဲ၍ မရသော ပြင်းထန်းသည့် သမိုင်းဆိုင်ရာ အပြစ် ရှိကာ ပိုပြီး ချင့်ချင့်ချိန်ချိန် ပြုမူပြောဆိုသင့်ကြောင်း၊ တရုတ်ပြည်သည် ဂျပန်ဘက်အား တရုတ်-ဂျပန် နိုင်ငံရေး စာတမ်းပါ အခြေခံမူ ၄ရပ်နှင့် ထိုင်ဝမ် ပြဿနာ အပေါ် ပြုခဲ့သော နိုင်ငံရေး ကတိကဝတ်ကို စောင့်စည်းလိုက်နာပြီး တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်စဲကာ ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာကို ချင့်ချင့်ချိန်ချိန်၊ သင့်လျော်ပြေလည်စွာ ကိုင်တွယ်၍ မှားယွင်းသော လမ်းကြောင်းပေါ် ဆက်လက် မလျှောက်လှမ်းပါရန် ပြင်းထန်စွာ တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားသည်။