လက်ဘနွန်ဆိုင်ရာ တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့သည် အကြိမ် ၂၀ မြောက် တာဝန်လွှဲပြောင်းပေးအပ်မှု ပြီးမြောက်

(GMT+08:00)2022-08-05 12:33:43  

လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ အသုတ်၂၀ နှင့် ၂၁ သုတ်အကြား တာဝန်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို  သြဂုတ်လ ၃ရက်နေ့က လက်ဘနွန်နိုင်ငံတောင်ပိုင်းပြည်နယ် တိုင်ယာမြို့ရှိ တရုတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်စခန်း၌ ကျင်းပခဲ့ပြီး လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များသည်  အကြိမ် ၂၀ မြောက် တာဝန်လွှဲပြောင်းပေးအပ်ရေး ပြီးမြောက်ခြင်းကို ပြသခဲ့ကြောင်း၊ လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) အကြီးအကဲ ဗိုလ်ချုပ် လာဇာရိုနှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချမ်းမင်ကျန်း တို့သည် ယခုအကြိမ် အခမ်းအနားသို့  တက်ရောက်ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။