ရုရှား အွန်လိုင်းဈေးရောင်းကုမ္ပဏီတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး လူတစ်ဦးသေဆုံး၊ ၁၃ဦးဒဏ်ရာရ

(GMT+08:00)2022-08-05 14:29:34  

ဒေသစံတော်ချိန် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃ရက်နေ့က မော်စကိုရှိ ရုရှား အွန်လိုင်းဈေးရောင်းကုမ္ပဏီ Ozon ၏ သိုလောင်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ရုရှားအရေးပေါ်အခြေအနေ ဝန်ကြီး ဌာနမှ နောက်ဆုံးအချက်အလက်အရ လူ ၁ဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိကာ စတုရန်းမီတာ ၅သောင်းကျော် မီးလောင်ကျွမ်းခဲ့ကြောင်း ဖော်ပြသည်။