တရုတ်နိုင်ငံ အရှေ့ပိုင်းစစ်ရေးဒေသ၏ ဒုံးကျည်တပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်းအရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ကြိုတင်သတ်မှတ်ထားသောရေပြင်ကို သမားရိုးကျ ဒုံးကျည် ပစ်ခတ်မှု ပြုလုပ်ပြီး ပစ်မှတ်အားလုံးကို တိကျစွာထိမှန်ခဲ့

(GMT+08:00)2022-08-05 14:29:58  

တရုတ်နိုင်ငံ အရှေ့ပိုင်းစစ်ရေးဒေသမှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်း ဗိုလ်မှူးကြီးရှီယိက သြဂုတ် ၄ ရက်နေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်း စစ်ရေးဒေသ၏ ဒုံးကြည်တပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်းအရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ကြိုတင်သတ်မှတ်ထားသော ရေပြင်ရပ်ဝန်းပေါင်းစုံနှင့် သမားရိုးကျ ဒုံးကျည် မျိုးစုံ ပစ်ခတ် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ဒုံးကျည်အားလုံးသည် ပစ်မှတ်ကို တိကျစွာထိမှန်၍ တိကျစွာပစ်ခတ်တိုက်ခိုက်နိုင်စွမ်းနှင့် ဒေသတွင်း  ပြင်ပအင်အားစုများ၏ ဝင်ရောက် စွက်ဖက်မှုကို တားမြစ်နိုင်စွမ်းကို စစ်ဆေးခြင်း ဖြစ်ကြောင်း၊ ကျည်ဆန်းအစစ်နှင့်  ပစ်လွှတ်လေ့ကျင့်မှု တစ်ခုလုံးကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီး သက်ဆိုင်ရာပင်လယ်နှင့် လေပိုင်နက်ထိန်းချုပ်မှုကို ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။