ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကျွန်းအရှေ့ပိုင်းတွင် ပစ်မှတ်ချမှတ်၍ USS Ronald Reagan လေယာဉ်တင်သင်္ဘောအား နောက်ဆုတ်သွားစေခဲ့

(GMT+08:00)2022-08-05 15:25:05  

၎ ရက်နေ့မှ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကျွန်း အနီးတဝိုက် ပင်လယ်ရေပြင်တွင် အရေးပါစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ပြီး ကျည်ဆန်အစစ်နှင့် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့သည်။ ကာကွယ်ရေးပညာ တက္ကသိုလ် ပါမောက္ခ Meng Xiangqing ၏ မိတ်ဆက်ချက်အရ ယခုအကြိမ် ထိုင်ဝမ်ရေလက်ကြားတွင် လေ့ကျင့်မှုသည် လေယာဉ်တင်သင်္ဘောအုပ်စု ပထမဆုံးအကြိမ် ဟန့်တားသည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး နျူကလီးယား ရေငုပ်သင်္ဘော လည်းပါဝင်ကာ ပင်လယ်ရေပြင်တွင် 3D ပုံစံစစ်ဆင်ရေးစနစ်ကို တည်ဆောက်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ကျွန်း အရှေ့ဘက်တွင် ပစ်မှတ်ချမှတ်သဖြင့် ထိုစဉ်က Nancy Pelosi အတွက်ကာကွယ်ရေးပေးသည့် အမေရိကန် USS Ronald Reagan လေယာဉ်တင်သင်္ဘောက ကီလိုမီတာရာချီဆုတ်ခွာသွားခဲ့သည်။