တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုကြောင့် ထိုင်ဝမ်၏ နိုင်ငံတကာ လေကြောင်းလိုင်း ၁၈ လိုင်းကို ဖြတ်တောက်ခဲ့ရပြီး လေကြောင်းခရီးစဉ် ၉၀၀ ထိခိုက်စေကြောင်း ထိုင်ဝမ်မီဒီယာများ ဖော်ပြ

(GMT+08:00)2022-08-05 14:30:24  

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်သို့ သွားရောက် လည်ပတ်မှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် သြဂုတ်လ ၄ရက်နေ့ နေ့လယ်ပိုင်းမှ ၇ရက်နေ့ နေ့လယ်ပိုင်းအထိ ထိုင်ဝမ်၏ အရှေ့၊ အနောက်၊ မြောက်၊ တောင် တစ်ဝိုက်ရှိ ပင်လယ်ပြင် ရပ်ဝန်း ၆ ခုတွင် “အရေးကြီးသော စစ်ရေးလေ့ကျင့်မှုနှင့် ကျည်ဆန် အစစ်နှင့် ပစ်လွှတ်မှုများ”ကို ပြုလုပ်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး ထိုင်ဝမ်မီဒီယာများက စစ်ရေးလေ့ကျင့်မှု၏ အတိုင်းအတာက အလွန်ကြီးမားပြီး ထိုင်ဝမ်ကို ပင်လယ်နှင့် လေကြောင်းကို သုံးရက်ကြာပိတ်ဆို့သလို ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့်နေရာများသည် ထိုင်ဝမ်အာဏာပိုင် ခေါ်ဆိုသည့် "တိုင်ပေ လေကြောင်း အချက်အလက် ဒေသ" ကို ဝိုင်းရံထားသောကြောင့် ထိုင်ဝမ်၏ နိုင်ငံတကာ လေကြောင်းလိုင်း ၁၈လိုင်းကို ဖြတ်တောက်ခံရခြင်းဖြစ်စေပြီး ၃ရက်ကြာအတွင်း လေယာဉ် ခရီးစဉ် ၉၀၀ ကို ထိခိုက်လိမ့်မည်ဟု ထိုင်ဝမ် လမ်းပန်းဆက်သွယ်ရေးဌာနက ခန့်မှန်းထားကြောင်း ဖော်ပြခဲ့ပါသည်။

ထိုင်ဝမ်မီဒီယာအချို့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ဒေသ ၆ခုတွင် တစ်ပြိုင်နက် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခြင်းသည် ထိုင်ဝမ်ကို ဝိုင်းရံလု နီးပါးဖြစ်ကြောင်း ယူဆကြပါသည်။ ထိုင်ဝမ်၏ "China Times News Network" က ၎င်းသည် ထိုင်ဝမ်ကျွန်း၏ လျှပ်စစ်ဓာတ်အားပေးမှုက မှီခိုအားထားရသော သဘာဝဓာတ်ငွေ့ သင်္ဘောများပို့ဆောင်ရေးအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်ကြသည်။