G7 မှ ထုတ်ပြန်သောထိုင်ဝမ်နှင့် ပတ်သက်သော ကြေညာချက်ကို ဝမ်ယိ ပြတ်ပြတ်သားသား ချေပ

(GMT+08:00)2022-08-05 15:46:50  

ဒေသစံတော်ချိန် သြဂုတ်လ ၄ရက်နေ့က ကမ္ဘေားဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်နေသည့် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် G7 နိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်သောထိုင်ဝမ်နှင့် ပတ်သက်သော ကြေညာချက်ကို ပြတ်ပြတ်သားသား ချေပခဲ့ပါသည်။

ဝမ်ယိက ထိုင်ဝမ်ရေလက်ကြား တင်းမာသောအခြေအနေ အဖြစ်အပျက်နှင့် အမှားအမှန်မှာ ရှင်းရှင်းလင်းလင်း ဖြစ်ကြောင်း၊ ရန်စသူမှာ အမေရိကန်နိုင်ငံဖြစ်ပြီး အကျပ်အတည်းဖန်တီးသူမှာ အမေရိကန်နိုင်ငံဖြစ်ကာ တင်းမာသောအခြေအနေ ပိုမိုဆိုးဝါး လာစေသူမှာ အမေရိကန်နိုင်ငံဖြစ်ကြောင်း၊ G7နိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်သော ကြေညာချက်မှာ အဖြူအမည်းကို ကပြောင်းကပြန်ဖြစ်အောင် ပြုလုပ်ပြီး အမှားနှင့် အမှန် ရောထွေးကာ တရုတ်နိုင်ငံမှ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှု ကာကွယ်ထိန်းသိမ်းရန် ကျိုးကြောင်းဆီလျော်ပြီး တရားဝင်သော ဆောင်ရွက်ချက်များကို အကြောင်းမဲ့သက်သက် ပြစ်တင်ရှုတ်ချ ခဲ့ကြောင်း၊ G7၏ မှားယွင်းသောလုပ်ရပ်ကြောင့် တရုတ်ပြည်သူများ ဒေါသထွက်မိကြကြောင်း၊ တရုတ်နိုင်ငံနှင့် နိုင်ငံအသီးသီးတို့၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ပြည်သူများ သွေးထွက်သံယိုဖြစ်ပြီး ကြိုးပမ်းရရှိခြင်း ဖြစ်သဖြင့် အကြောင်းမဲ့သက်သက် ကျူးကျော်ထိပါး၍ မရကြောင်း၊ ယနေ့ တရုတ်နိုင်ငံသည် ၁၉ရာစုနှစ်က တရုတ်နိုင်ငံနှင့် လုံးဝ မတူညီကြောင်း၊ သမိုင်းကို ပြန် မဖြစ်စေသင့်ကြောင်း၊ မည်သို့ပင်ဖြစ်စေ၊ သမိုင်းကို ပြန်ဖြစ်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက နိုင်ငံတကာမိသားစုကြီးအနေဖြင့် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူဝါဒကို စိန်ခေါ်သည့် လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှု ကျူးကျော်ထိပါးမှု မှန်သမျှကို ဆန့်ကျင်ဟန့်တားသင့်ကြောင်း၊ ဒေသတွင်းနိုင်ငံများသည် စည်းလုံးညီညွှတ်ပြီး ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင်သင့်ကြောင်း၊ ဤသို့မှသာ ကိုယ့်နိုင်ငံ၏လုံခြုံရေးနှင့် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို တကယ် ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်း နိုင်ကြောင်း ပြောကြားခဲ့ပါသည်။