(၁၂) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ကျင်းပ

(GMT+08:00)2022-08-05 15:24:43  

ဒေသစံတော်ချိန် သြဂုတ်လ ၅ ရက်နေ့တွင် (၁၂) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည်။ လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် လှုပ်ခတ်နေသော နိုင်ငံတကာအခြေအနေနှင့်စပ်လျဉ်း၍ အစည်းအဝေးတက်ရောက်ကြသည့် နိုင်ငံခြားရေး ဝန်ကြီးများက စီးပွားရေးပြန်လည်ဦးမော့မှု၊ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း စီမံအုပ်ချုပ်ရေးမှ စိန်ခေါ်မှု အမျိုးမျိုးအား အတူတကွရင်ဆိုင်ရေးစသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။