(၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံဝန်ထမ်းဆိုင်ရာအစည်းအဝေးကို ဟနွိုင်း၌ကျင်းပ

(GMT+08:00)2022-08-05 15:24:17  

ဒေသစံတော်ချိန် သြဂုတ်လ ၅ ရက်နေ့တွင် (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံဝန်ထမ်းဆိုင်ရာအစည်းအဝေး (ACCSM 21) ကို ဗီယက်နမ်ဟနွိုင်းမြို့၌ ကျင်းပခဲ့သည်။ ဗီယက်နမ်ပြည်ထဲရေးဝန်ကြီး Phạm Thị Thanh Trà က အဆိုပါအစည်းအဝေးအား တက်ရောက်ဦးစီးကျင်းပခဲ့သည်။ Phạm Thị Thanh Trà က လတ်တစ်လောနှစ်ပိုင်းတွင် အာဆီယံနိုင်ငံအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက ကိုဗစ်-၁၉ ကပ်ရောဂါစသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း၊ အာဆီယံနိုင်ငံအသီးသီး နိုင်ငံ့ဝန်ထမ်းများက နိုင်ငံတကာနှင့်ချိတ်ဆက်သော တောင်းဆိုချက်နှင့်ကိုက်ညီရန် မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုနှင့် ဝန်ဆောင်မှုအရည်အသွေးနှင့် လုပ်ငန်းထိရောက်မှုကိုမြှင့်တင်ပြီး အရည်အချင်းများမြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်အစည်းအဝေး၏ခေါင်းစဉ်သည် “နိုင်ငံဝန်ထမ်းခေတ်မီမှုနှင့် စုစည်း၍တုံ့ပြန်သော အာဆီယံအသိုက်အဝန်းဆီသို့လျှောက်လှမ်းခြင်း” ဖြစ်သည်။ ယခုအကြိမ်အစည်းအဝေးတွင် နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့ ၁၅ ဖွဲ့အပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၁၀၀ ကျော်ခန့်တက်ရောက်ခဲ့ပြီး ၎င်းတို့အနက် ကိုယ်စားလှယ်အဖွဲ့ ၁၃ ခုသည် အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီး၏ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းနှင့် ကော်မတီများမှဖြစ်သည်။