ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်အရှေ့ဘက်စစ်နယ် ကြည်းတပ်မှ အမြောက်ဘရီဂိတ်တပ်သည် တာဝေးပစ်ခတ်မှု ပြုလုပ်

(GMT+08:00)2022-08-05 12:36:28  

       သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တရုတ် အရှေ့ဘက် စစ်နယ် ကြည်းတပ်သည် ထိုင်ဝမ်ရေလက်ကြားတွင် ကျည်အစစ်များဖြင့် တာဝေးပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ထိုင်ဝမ်ရေလက်ကြားအရှေ့ပိုင်းဒေသတွင် သတ်မှတ်ထားသည့်အတိုင်း တိကျမှန်ကန်စွာ ပစ်ခတ်ခဲ့သည်။

ထိုနေ့မနက်ပိုင်းက တရုတ်အရှေ့ဘက် စစ်နယ် ကြည်းတပ်မှ အမြောက်ဘရီဂိတ်တပ်သည် မစ်ရှင်ကို လက်ခံရရှိပြီးနောက် သတ်မှတ်ထားသောနယ်မြေသို့ ရောက်ရှိပြီး တာဝေးပစ် ဒုံးပစ်လောင်ချာများကို ပစ်လွှတ်သည့်နေရာသို့ ပို့ဆောင်ကာ ဒုံးကျည်တင်ခြင်း၊ ပစ်ခတ်ခြင်း စသည်တို့ဖြင့် သတ်မှတ်ထားသော ပစ်မှတ်များကို တိကျမှန်ကန်စွာ ပစ်ခတ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။