စစ်ရေးအရ တန်ပြန်လုပ်ဆောင်ချက်များဆိုင်ရာ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြား

(GMT+08:00)2022-08-05 12:37:15  

ယခုလ ၄ ရက်နေ့က တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ထန်ခေ့ဖှေးသည် တရုတ်ပြည်၏ စစ်ရေးအရ တန်ပြန်လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ မိန့်ခွန်းထုတ်ပြန်ခဲ့သည်။ ယခုလ ၂ ရက်နေ့က အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi၏ တရုတ်နိုင်ငံထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခဲ့ခြင်းသည် တရုတ်ပြည် အပေါ် ပြင်းထန်သော နိုင်ငံရေးအရ ရန်စမှုဖြစ်ပြီး၊ တရုတ်-အမေရိကန်ဆက်ဆံမှုနှင့် နှစ်နိုင်ငံ တပ်မတော်အကြား ဆက်ဆံမှုများကို ပြင်းထန်စွာဖျက်ဆီးကာ၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှုအပေါ် ပြင်းထန်စွာ ထိခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်၏ ထိုင်ဝမ်ကျွန်းအနီး ပင်လယ်ပြင်နှင့် လေပိုင်နက်တွင် ရည်ရွယ်မှုရှိစွာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက် နေခြင်းသည် အမေရိကန်နှင့် ထိုင်ဝမ်၏ ချိတ်ဆက်မှု လုပ်ရပ်အပေါ် တည်ကြည် လေးနက်စွာ ဟန့်တားစေခြင်းပင်ဖြစ်ကြောင်း ထန်ခေ့ဖှေးက ထုတ်ဖော်ပြောကြားခဲ့သည်။