Pelosi ထိုင်ဝမ်ခရီးစဉ်၏ အကျိုးဆက်အားလုံးကို အမေရိကန်က ပေးဆပ်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-05 12:36:07  

 သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်ဘက်၏ စစ်ရေးလေ့ကျင်မှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနအား မေးမြန်းသင့်ကြောင်း၊ တရုတ်ဘက်သည် Pelosi ၏ ထိုင်ဝမ်ခရီးစဉ်ကို ဆန့်ကျင်သော ရပ်တည်ချက်ကို အကြိမ်ကြိမ် ရှင်းလင်းပြတ်သားစွာ ဖော်ပြပြီး ယင်းခရီးစဉ်သည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ဖောက်ဖျက်ပြီး တရုတ်ပြည်၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ထိခိုက်ကြောင်း၊ တရုတ်နိုင်ငံသည် ၄င်းကို ထိရောက် ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး အမေရိကန်ဘက်သည် သက်ဆိုင်ရာအကျိုးဆက်များအားလုံးကို ပေးဆပ်ရမည်ဟု ယခုကဲ့သို့ ကြိုတင်အသိပေးကြောင်း ပြောကြားသည်။