အမေရိကန်၏ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို စိန်ခေါ်မှုသည် ပြတ်သားသော တန်ပြန်အရေးယူမှုကို ခံရလိမ့်မည်

(GMT+08:00)2022-08-05 12:34:11  

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosiသည် ယခုလ ၃ရက်နေ့က တရုတ်ပြည် ထိုင်ဝမ် ဒေသတွင် ခရီးလှည့်လည်ခြင်း ပြီးဆုံးပါပြီ။ ထိုင်ဝမ် ခရီးစဉ် အတွင်း ၄င်းသည် မဟုတ်တမ်း တရားတွေ လျှောက်ပြောပြီး အမေရိကန်သည် ထိုင်ဝမ်အပေါ် အလွန် ပြတ်သားသော ကတိကဝတ်ပြုခဲ့ပြီး ထိုင်ဝမ်နှင့် အတူ ရပ်တည်မည်ဖြစ်ကြောင်း စသည်များကို ဖော်ပြသည်။ ၂ရက်နေ့က Pelosiသည် The Washington Postတွင် ဆောင်းပါး ထုတ်ပြန်ရာ၌“ထိုင်ဝမ်နှင့် ဆက်ဆံရေး ဥပဒေ”နှင့် “ထိုင်ဝမ်အပေါ် အာမခံချက် ၆ရပ်” ဆိုသည်ကို ၄င်း၏ ထိုင်ဝမ် ခရီးစဉ်ဆိုင်ရာ အပြစ်ကင်းလွတ်အောင် လွှဲရှောင်ရန် အတွက် အကြောင်းပြချက်များအဖြစ် ထည့်သွင်းပြောကြားပြီး ယင်းသည် တရုတ်ပြည်တစ်ပြည် တည်းသာရှိရေး မူဝါဒကို ဖောက်ဖျက်ခြင်း မရှိကြောင်းလည်း ဖော်ပြသည်။

ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒ၏ အနက်အဓိပ္ပါယ်ကို ကင်းမဲ့စေရန် အတွက် အမေရိကန်ဘက်မှ ဆိုးယုတ်သည့် အပြုအမူနှင့် အပြောအဆို နောက်တစ်ခုပင် ဖြစ်သည်။ အမှန်တကယ်တော့ Pelosi ပြောကြားသည့် “ထိုင်ဝမ်နှင့် ဆက်ဆံရေး ဥပဒေ”နှင့် “ထိုင်ဝမ် အပေါ် အာမခံချက် ၆ရပ်”ဆိုသည်ကို အမေရိကန်ဘက်မှ တစ်ဖက်သတ် ဖန်တီးခြင်း ဖြစ်ပြီး တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ရပ်ပါ အမေရိကန်ဘက်မှ ကတိပြုချက်ကို ဖောက်ဖျက်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးသည့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကိုလည်း ကျောခိုင်းခြင်း ဖြစ်သည်။

Pelosi တရုတ်ပြည် ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ပြီးနောက် တရုတ်စစ်ဘက်သည် ထိုင်ဝမ်ကျွန်း ဘေးပတ်ဝန်းကျင်တွင် ပူးတွဲ စစ်ရေး ဆောင်ရွက်မှုများကို ပြုလုပ်မည်ဟု ချက်ချင်း ကြေညာပြီး တရုတ် အစိုးရ လုပ်ငန်းဌာနများစွာသည်လည်း တန်ပြန်အရေးယူမှု ဆောင်ရွက်ချက်များကို ရှေ့ဆင့်နောက်ဆင့် ကြေညာသည်။ ယင်းသည် တရုတ်ပြည် အနေနှင့် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် အတွက် လိုအပ်သော ဆောင်ရွက်ချက်များ ဖြစ်၍ တရားမျှတပြီး ကျိုးကြောင်းမှန်ကန်သည်။ အမေရိကန်နှင့် ထိုင်ဝမ် အာဏာပိုင်တို့ ချိတ်ဆက်ပြီး တရုတ်ပြည်၏ အမြုတေ အကျိုးစီးပွားကို ကျူးကျော်ထိပါးပြီး ထိုင်ဝမ် ရေလက်ကြား၏ အေးချမ်းတည်ငြိမ်ရေးကို ဖျက်ဆီး၍ တန်ရာတန်ကြေးများကို ပေးဆပ်သွားရမည်မှာ မုချမလွဲ ဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်ပြည်၏ ထိုင်ဝမ် ဖြစ်ပြီး အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက် လိမ့်မည်။ Pelosi ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခြင်း ဟူသော နိုင်ငံရေး ဟာသဇာတ်သည် ၄င်းသမိုင်းရေစီးကြောင်းကို မပြောင်းလဲနိုင်ပေ။ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို စိန်ခေါ်၍ မရပေ၊ တရုတ်ပြည်သူများ၏ နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် စိတ်ပိုင်းဖြတ်မှုသည် ကျောက်ဆောင်ကျောက်သားပမာ ခိုင်မာသည်။ သမိုင်းကြောင်းတွင် အမေရိကန်မှ တရုတ်ပြည် အပေါ် ပြုလုပ်သော ရန်စမှုအားလုံးသည် နောက်ဆုံးတွင် အမေရိကန်အား ကိုယ့်ရှူးကိုယ်ပတ် ဖြစ်စေခဲ့သည်။ ယခုအကြိမ် ရန်စမှုသည်လည်း ခြွင်းချက်ရှိမည် မဟုတ်ပေ။