ဝမ်ယိသည် အာဆီယံနှင့် တရုတ်၊ဂျပန်၊တောင်ကိုရီးယား(၁၀+၃) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2022-08-05 12:34:39  

ဒေသစံတော်ချိန် သြဂုတ်လ ၄ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖနွမ်းပင်မြို့တော်၌ အာဆီယံနှင့် တရုတ်၊ဂျပန်၊တောင်ကိုရီးယား (၁၀+၃) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက လက်ရှိ နိုင်ငံတကာအခြေအနေသည် လျင်မြန်စွာ ပြောင်းလဲလာနေကြောင်း၊ (၁၀+၃)ပူးပေါင်းဆောင်ရွက်မှုသည် အတိတ်က အစဉ်အလာကောင်းကို ဆက်ခံပြီး အနာဂတ် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးသော သော့ချက်အချိန်ကာလတွင် တည်ရှိနေ ကြောင်း၊ တရုတ်ဘက်သည် ဒေသတွင်းနိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ပြီး (၁၀+၃)ကို အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေး၏ ပင်မ လမ်းကြောင်းအဖြစ်ထားရန် စွဲကိုင်ကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ရေးကို တွန်းအားပေးသော မူလရည်ရွယ်ချက်ကို စွဲကိုင်၍ နိုင်ငံ(၁၃)နိုင်ငံမှ ပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့် ရေရှည်သာယာရေးကို ထည့်သွင်းစဉ်းစားကာ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်ရေးအရှိန် ထိန်းထားရန် တွန်းအား ပေး၍ တစ်ဟုန်ထိုးတိုးတက်မှုသစ်ကို အကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း ပြောကြား ခဲ့ပါသည်။

ဝမ်ယိက အကြံပြုချက်(၄)ရပ်ကို တင်သွင်းခဲ့ရာ၊ ပထမအချက်က အရှေ့အာရှဖွံ့ဖြိုး တိုးတက်ရေး ရေရှည်စီမံကိန်းကြီးကို စီမံခန့်ခွဲခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်က ဒေသတွင်း စီးပွားရေးပေါင်းစပ်ရန် တွန်းအားပေးခြင်းဖြစ်ကြောင်း၊ တတိယအချက်က အကျပ်အတည်းနှင့် ရင်ဆိုင်နိုင်စွမ်းကို တိုးမြှင့်စေခြင်းဖြစ်ကြောင်း၊ စတုတ္ထအချက်ကမူ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အသွင်ပြောင်းလဲရန် ဦးဆောင်ခြင်းဖြစ်ကြောင်း ပြောကြား ပါသည်။

ဒေသတွင်းနိုင်ငံများ ကိုဗစ်-၁၉ရောဂါကို အောင်မြင်စွာ တိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်ရှင်သန်လာရေးအတွက် (၁၀+၃)ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုကို ဘက်အသီးသီးတို့က အပြည့်အဝ အတည်ပြုခဲ့ ကြောင်း၊ အများပြည်သူ့ကျန်းမာရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ မြစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး စသော နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး (၁၀+၃)ပူးပေါင်း ဆောင်ရွက်ရေးကို နိုင်ငံအသီးသီးမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ သုခဖန်တီးပေးရန် တွန်းအားပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။