ရှောမေချင်သည် ပေလိုစီ၏ ထိုင်ဝမ် ခရီးစဉ်ကို အစွမ်းကုန် တွန်းအားပေး၍ အရေးယူမှု ခံရမည်မှာ မုချမလွဲဖြစ်

(GMT+08:00)2022-08-04 13:34:54  

    တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ် ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာရှောင်ကွမ်းက ရှောမေချင်သည် ထိုင်ဝမ် သီးခြားလွတ်လပ်ရေး ပြောဆိုချက်ကို ကြိမ်ဖန်များစွာ ပြောဆိုပြီး အမေရိကန် နိုင်ငံရေးသမားကို ထိုင်ဝမ်သို့ ခရီးလှည့်လည်ရန် အစွမ်းကုန် စိုင်းပြင်းလှုံ့ဆော်ကာ အမေရိကန်ဘက်မှ လက်နက်ပစ္စည်းများကို ဝယ်ယူရန် အစွမ်းကုန် တွန်းအားပေး၍ ထိုင်ဝမ်နှင့် ပတ်သက်သော အဆိုးဘက် ဥပဒေကြမ်းကို ဖန်တီးရန် လှုံ့ဆော်ခဲ့ကြောင်း၊ မကြာခင်က ၄င်းသည် ပေလိုစီက ထိုင်ဝမ်သို့ ခရီးလှည့်လည်ရန် အစွမ်းကုန် တွန်းအားပေးပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒ အပေါ် ပြောင်ပြောင်တင်းတင်း ရန်စကာ ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှုကို ဆိုးရွားစွာ ဖျက်ဆီး၍ ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာမှုနှင့် မတည်မငြိမ်ဖြစ်မှုကို တစ်ဆင့်တိုး အရှိန်မြှင့်လာကြောင်း၊ ရှောမေချင်သည် ကိုယ့်နိုင်ငံရေး အကျိုးစီးပွားကို ရှာကြံရရှိရန် အတွက် ပြင်ပမှ တရုတ်ပြည်ကို ဆန့်ကျင်ရေး အင်အား၏ လက်ကိုင်တုတ် ဖြစ်လာပြီး တရုတ် အမျိုးသား၏ အရင်းခံ အကျိုးစီးပွားကို ထိခိုက်စေကာ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များအား ဒုက္ခတွင်း ကျရောက်စေကြောင်း၊ မည်သူမဆို အမျိုးသား အကျိုးစီးပွားကို ရောင်းစားပြီး ထိုင်ဝမ် သီးခြား လွတ်လပ်ရေးနှင့် ခွဲထွက်ရေးကို ဆောင်ရွက်လျှင် မရှုမလှ ဇာတ်သိမ်းသွားပြီး အရေးယူမှုကို ခံရမည်မှာ မုချမလွဲ ဖြစ်ကြောင်း ယခုလ ၄ရက်နေ့က ပြောကြားသည်။