နိုင်ငံအများအပြားနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ထောက်ခံကြောင်း ဖော်ပြ

(GMT+08:00)2022-08-04 13:35:30  

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်၍ ရာနှင့်ချီသော နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့သည် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို နည်းလမ်းအမျိုးမျိုးဖြင့် ထောက်ခံကြောင်း ချက်ချင်းထုတ်ဖော်ခဲ့သည်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ တရုတ်ထိုင်ဝမ် ခရီးစဉ်နှင့် ပတ်သက်သည့် မေးခွန်းတစ်ရပ်ကို ဖြေကြားရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒီယာက်က ကုလသမဂ္ဂသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူဝါဒကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ တချိန်တည်းမှာပင် အာရပ်နိုင်ငံများအဖွဲ့ချုပ်၊ ရုရှား၊ ပါကစ္စတန်၊ လာအို၊ မြန်မာ၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယား၊ အီရန်၊ ကျူးဘားနှင့် နီကာရာဂွါမှ နိုင်ငံခြားရေး ဝန်ကြီးဌာနများသည် နန်စီပေလိုစီ၏ ထိုင်ဝမ်သို့ သွားရောက်ခြင်းလုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေး မူဝါဒကို စွဲကိုင်ကြောင်း ထပ်မံ အလေးထား ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။