သစ္စာဖောက်ပြီး ဒုက္ခရောက်စေသည့် အကျိုးဆက်များကို အမေရိကန်မှ လုံးဝ တာဝန်ယူရမည်ဟု ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီးဆို

(GMT+08:00)2022-08-04 13:37:04  

ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိန့်ဇယ်ကွမ်းသည် ဒေသစံတော်ချိန် ၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခြင်းနှင့်ပတ်သက်ပြီး တရုတ်ပြည်၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့သည်။

ကျိန့်ဇယ်ကွမ်းက Pelosiသည် တရုတ်ပြည်၏ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ထိုင်ဝမ်ဒေသသို့ မပြုမချင်း လှည့်လည်ခြင်းသည် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ် ပြည်၏ အချုပ်အချာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ကျူးကျော် ကာ ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ပြင်းထန်စွာ ဖျက်ဆီးခဲ့ကြောင်း၊ တရုတ်ပြည်အနေနှင့် ပြတ်သားတောင့်တင်းသော လုပ်ဆောင်ချက်များဖြင့် နိုင်ငံတော်၏ အချုပ်အချာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး၊ ယင်းမှဖြစ်ပေါ်လာသည့် အကျိုးဆက်မှန်သမျှအပေါ် အမေရိကန်နှင့် ထိုင်ဝမ်သီးခြား တည်ရှိရေး အင်အားများမှ လုံးဝ တာဝန်ယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။