တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော်၌ ကျင်းပ

(GMT+08:00)2022-08-04 13:57:10  

    ဒေသစံတော်ချိန် သြဂုတ်လ ၄ ရက်နေ့က တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးသည် ကိုဗစ်-၁၉ရောဂါဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံးအကြိမ် offline နည်းလမ်းဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များနှင့် စည်းလုံးညီညွတ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပြုလုပ်ခြင်း၊ ပြန်လည် ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူရှာကြံခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။